A d v e r t i s e m e n t With Us

ရော်နယ်ကိုးမန်းကို နယ်သာလန် နည်းပြချုပ်အဖြစ် ခန့်အပ်

နယ်သာလန်အသင်းဟာ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးမန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၅၄ နှစ်ရှိ နည်းပြ ရော်နယ်ကိုးမန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အဲဗာတန်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ နယ်သာလန်အသင်းနည်းပြအဖြစ် ၄ နှစ်ခွဲ စာချုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထိ တာဝန်ယူ ကိုင်တွယ်သွားမှာပါ။ နယ်သာလန်အသင်းမှာ ထူးချွန်တဲ့ ကစားသမားတွေ ရှိပေမယ့် ပြုပြင်ပြောင်းလဲရမယ့် အရာတွေရှိပြီး အဲဒီအရာတွေကို လုပ်ဆောင်သွားမယ်လို့ ကိုးမန်းက ပြောပါတယ်။ နယ်သာလန်အသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းကျဆင်းနေပြီး ယူရိုပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့သလို ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ နယ်သာလန်အသင်းအနေနဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ခြေစစ်ပွဲအောင်မြင်သင့်ပြီး မိမိအနေနဲ့ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တာကြောင့် အသင်းကို တာဝန်ယူတာဖြစ်တယ်လို့ ကိုးမန်းက ဆိုပါတယ်။ နည်းပြကိုးမန်းဟာ နယ်သာလန်လက်ရွေးစင်အတွက် ၇၈ ပွဲအထိ ကစားထားတဲ့ ကစားသမားဟောင်းဖြစ်ပြီး ၁၉၈၈ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up