Live
Home
မြန်မာသတင်း
အင်းတော်တွင် ကျပ်သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
February 8, 2018
အင်းတော်မြို့နယ်မှာ ငွေကျပ် သိန်း ၉၉၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၉ နာရီလောက်က မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံ၊ အင်းတော်-နဘား-မြစ်ကြီးနား ကားလမ်းမှာ ဝင်းဇော်ဦး(ခ)အားဖိန် မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏တံခါးတွေအတွင်းမှ သိန်း ၉၉၀ တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၉၉ ခွက် (ဘိန်းဖြူ အလေးချိန် ၉၉ ဂရမ် ) နဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဝင်းဇော်ဦး (ခ) အားဖိန် (၃၂) နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024