ပင်လယ်ထဲနစ်မြုပ်နေသည့် ကားအမိုးပေါ်မှ အမျိုးသမီးကို ကယ်တင် (ရုပ်သံ)
Published By
DVB | 8 February, 2018
1.4K
0
Share
0
Comment
0
Likes
အင်္ဂလန်နိုင်ငံမြောက်ပိုင်း ကမ်ဘရီယာပြည်နယ်စီရင်စု ကမ်းခြေတခုမှာ ပင်လယ်ထဲ နစ်မြုပ်နေတဲ့ ကားအမိုးပေါ်က အမျိုးသမီးတယောက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က ကယ်တင်ပေးခဲ့ရပါတယ်။
အဲဒီအမျိုးသမီးဟာ ပင်လယ်ကမ်းစပ်မှာ ဒီရေတက်လာချိန် အခုလို ဒုက္ခရောက်ခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်မှာ အမျိုးသမီးဟာ ကားအမိုးပေါ်မှာ ဒူးထောက်လျက်ရှိနေပြီး ကားကတော့ ရေအောက်ကို နစ်မြုပ်နေပြီ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ ရေမကူးတတ်ဘူးလို့ သိရပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက အမျိုးသမီးရှိရာကို ရေကူး သွားရောက်ကာ အသက်ကယ်လှေနဲ့ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။