A d v e r t i s e m e n t With Us

ဆောင်းရာသီ အိုလံပစ်ပွဲ မကျင်းပမီ မြောက်ကိုရီးယားက စစ်ရေးပြပွဲပြုလုပ်

ဓာတ်ပုံ - Getty Images
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကြီး စတင်မယ့်ရက်ထက် ၁ ရက်စောပြီး မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ နှစ် ၇၀ မြောက် စစ်ရေးပြပွဲ ကျင်းပလိုက်တယ်လို့ သိရပါတယ်။ ပြုံယမ်းရဲ့ နှစ်စဉ်စစ်ရေးပြ ချီတက်ပွဲကို နှစ်ပေါင်း ၄၀ လုံး ဧပြီလမှာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ စောစောကျင်းပမယ်၊ ကျင်းပမယ့်နေ့စွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဘယ်သူ့မှာမှ သူတို့ရဲ့ စစ်ရေးပြပွဲ အစီအစဉ်ကို ပြောရေးဆိုခွင့် မရှိဘူးလို့ မြောက်ကိုရီးယားက ပြောပြီး သူ့အစီအစဉ်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုနေတာတွေကို ပယ်ချခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ဆိုးလ်မြို့တော် ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲလောက်မှာ ဒီစစ်ရေးပြပွဲကို ပြုလုပ်ခဲ့ပုံပေါ်တယ်လို့ နာမည်မဖော်ပြထားတဲ့ အစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် ယွန်ဟက်ပ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အိုလံပစ်အားကစားပွဲတော်ကြီးကိုသာ အာရုံထားမယ်ဆိုရင် စစ်ရေးပြပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံက ပြောလိုက်ပြီး ပွဲတော်အတွင်းမှာ အမေရိကန် အာဏာပိုင်တွေနဲ့တွေ့ဖို့ အစီအစဉ် မရှိဘူးလို့လည်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၈ ရက်နေ့မှာပဲ ပြောလိုက်ပါသေးတယ်။ ပြီးခဲ့တဲ့လက စစ်သည် ၁ သောင်း ၃ ထောင်နဲ့ လက်နက် ၂၀၀ ပြုံယမ်းလေဆိပ်နားမှာ တွေ့တာက စစ်ရေးပြပွဲအတွက် အစမ်းလေ့ကျင့်တာ ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပြီး မြောက်ကိုရီးယားက သူတို့နိုင်ငံရဲ့ တာဝေးပစ်ဒုံးကျည်တွေကို ပြချင်တာဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ ပြုံယမ်းလေဆိပ်အနီးမှာ စစ်တပ်အင်အား ၁၃၀၀၀ နဲ့ ဒုံးကျည်တွေအပါအဝင် လက်နက် ၂၀၀ ပါဝင်တဲ့ အစမ်းလေ့ကျင့်သရုပ်ပြမှုတခု ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ပညာရှင်တွေကတော့ မြောက်ကိုရီးယားဟာ သူ့ရဲ့ တိုက်ချင်းပစ်ဒုံးကျည် လက်နက်တွေကို ဒီစစ်ရေးပြပွဲကနေတဆင့် သိသာအောင် ထုတ်ဖော်ပြသလိုရင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုနှစ်ဟာ ကိုရီးယား ပြည်သူ့တပ်မတော် တည်ထောင်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားလည်း ဖြစ်နေပြီး အဲဒီတပ်မတော်ကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up