အိုလံပစ်ပြိုင်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး မျှော်လင့်ချက်မြင့်တက်

ဓာတ်ပုံ - ရိုက်တာ
ပြုံချမ်း အိုလံပစ် အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်တာဟာ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးအတွက် မျှော်လင့်ချက်တွေ မြင့်တက်စေတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဖေဖော်ဝါရီ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံက  အားကစား ကိုယ်စားလှယ်တွေဟာ အလံတခုတည်းအောက်မှာ အတူချိီတက်ကြမှာဖြစ်ပြီး  ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ကျင်းပမယ့် ပွဲစဉ်တချို့မှာ နှစ်နိုင်ငံ အားကစားသမားတွေ တသင်းတည်းမှာ အတူယှဉ်ပြိုင်ကြမှာပါ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အရင်ကလည်း ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေ လျော့ပါးစေဖို့ နိုင်ငံအားလုံးက စေ့စပ်ဆွေးနွေးရေးကို ထောက်ခံကြဖို့ တိုက်တွန်းခဲ့ဖူးကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up