Homeမြန်မာသတင်း
မြန်မာ-စင်ကာပူ နှစ်နိုင်ငံတပ်မတော် ပင်လယ်ပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
မြန်မာ-စင်ကာပူ နှစ်နိုင်ငံတပ်မတော် ပင်လယ်ပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
DVB
·
February 8, 2018
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပါရီလင်းမ်နဲ့ မနေ့က တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံရာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာရေလက်ကြား ပင်လယ်ပြင် လုံခြုံရေးနဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောတွေ အပြန်အလှန် လည်ပတ်ရေး၊ စစ်ဘက် ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်ဟာ စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018)ကို တက်ရောက်ကြည့်ရှုခဲ့ပြီး ခင်းကျင်းပြသထားတဲ့ တိုက်ခိုက်ရေး လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကိုလည်း လိုက်လံ ကြည့်ရှုလေ့လာကြတယ်လို့ ဆိုပါတယ်။
သတင်း - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး