A d v e r t i s e m e n t With Us

လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာလုပ်ငန်းကို ရောင်းချတော့မည်

ဓာတ်ပုံ - ရိုက်တာ
လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာလုပ်ငန်းကို ရောင်းချတော့မှာဖြစ်တယ်လို့ သတင်းစာနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ဖေဖော်ဝါရီ ၆ ရက်ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာတိုက်ပိုင်ရှင် ထရွန်း (Tronc) ကုမ္ပဏီအနေနဲ့ သတင်းစာလုပ်ငန်းကို ရောင်းချမယ်ဆိုတဲ့ အကြောင်းကို မကြာခင် ကြေညာသွားဖွယ် ရှိတယ်လို့လည်း အဲဒီသတင်းမှာ ရေးသားထားပါတယ်။ လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာအပြင် အဲဒီတိုက်ထုတ် ဆန်တီယေဂိုယူနီယံထရီဗြွန်း   (San Diego Union-Tribune) သတင်းစာကို လက်ရှိကုမ္ပဏီ ရှယ်ယာဝင်လည်းဖြစ်၊ သမားတော်တဦးလည်းဖြစ်တဲ့ ဆွန်ရှိုင်အွန်ကို ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up