ဒေါ့မွန် လူငယ်ကစားသမား ပူလီဆစ်ကိုခေါ်ယူရန် မန်ယူ ကြိုးပမ်းမည်

1.8K
မန်ယူအသင်းဟာ ဒေါ့မွန်အသင်းက အမေရိကန်လူငယ်ကစားသမား ပူလီဆစ်ကို ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတို့ကလည်း ချိတ်ဆက်နေပါတယ်။
ဒေါ့မွန်နဲ့ ပူလီဆစ်တို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်လက်ရွေးစင်အသင်းအတွက် ပွဲ ၂၀ အထိ ကစားထားတဲ့ ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှာလည်း ၈၁ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။