Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်တွင် လုံခြုံရေးတပ်သား ၁ ဦး စနိုက်ပါဖြင့် ပစ်ခံရ
DVB
·
February 7, 2018
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် မိုင်းတုံ-ပုံပါကျင်သွား ကားလမ်းမ မော်စလီကျေးရွာအနီးမှာ လမ်းလုံခြုံ​ရေး တာဝန်​ထမ်း​ဆောင်​​နေတဲ့ တပ်မတော် စစ်သည် တဦး  ဒီကနေ့ မနက် ၁၀ နာရီလောက်က ချောင်းမြောင်းပစ်ခံခဲ့ရလို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိ စစ်ဆေးခဲ့တဲ့ အရာရှိတယောက်က ပြောပါတယ်။ တောင်​​စောင်း​ပေါ်က​နေ အသံတိတ်​ကိရိယာ တပ်​ထားတဲ့ ​သေနတ်​နဲ့ ပစ်​ခတ်​ခံရတာလို့ ယူဆရပြီး သေနတ်သံလည်း မကြားခဲ့ရသလို အနီးနားတဝိုက်မှာ ကျည်ခွံလည်း ရှာမတွေ့တာကြောင့် အဝေးကနေ စနိုက်ပါနဲ့ ပစ်တာလို့ ယူဆတယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။ ပစ်ခတ်​ခံရသူကတော့ မိုင်းတုံမြို့ ခလရ ၂၂၅ က တပ်​သားအဆင့်​ရှိတဲ့ ဓူဝံ ဆိုသူဖြစ်ပြီး ရင်ညွန့်ကို ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ နယ်ခံ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ အခင်းဖြစ်​ပွားတဲ့ ​မော်​စလီ​ကျေးရွာအနီး​ တောင်​ကုန်း ၅ ခုမှာ UWSA စစ်​​ဒေသ ၁၇၁ က တပ်​ဖွဲ့ဝင်တွေ ဖြန့်​ခွဲထားရှိတာဖြစ်ပြီး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့တော့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။ လတ်တလော အဲဒီရွာနားပတ်​ဝန်းကျင်ကို တပ်​မ​တော်​က နယ်​​မြေရှင်းလင်း​ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ ​ဖေ​ဖော်​ဝါရီ ၇ ရက်​​နေ့ဟာ ရှမ်းပြည်​နယ်​​နေ့ ဖြစ်တာကြောင့် အထိမ်းအမှတ်​ အခမ်းအနားတွေ ကျေးလက် မြို့ပေါ်ဒေသ​တွေမှာပါ ကျင်းပနေချိန်​လည်း ဖြစ်​ပါတယ်​။ သတင်း - အောင်ဇေယျ(မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024