A d v e r t i s e m e n t With Us

အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းတဦး ဓားဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေးတဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနယ်မြေမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က  ပါလက်စတိုင်းတဦး ဓားနဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးတဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးအခြေချနယ်မြေတွေထဲက တခုဖြစ်တဲ့ အေရီရယ်မြို့မှာ အခင်းဖြစ်ပွားခဲ့ပြီး  ဓားထိုးမှုကို မြင်တွေ့ခဲ့တဲ့ စစ်ဘက်အရာရှိဟာ တိုက်ခိုက်သူကို ကားနဲ့လိုက်တိုက်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်သူဟာ လွတ်မြောက်သွားခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေက သူ့ကို လိုက်လံရှာဖွေနေပါတယ်။ အေရီရယ် အခြေချဒေသ မြို့တော်ဝန်က "အဲဒီလူသတ်သမားတွေ အားလုံးအတွက် အဖြေကို ကျေနာ် ပြောမယ်။ ပီတာတစ်ဗာ၊ ရာရန်နာနာနဲ့ တခြား အစ္စရေးမြို့တွေမှာ လူသတ်မှု ကျူးလွန်သူတွေ၊ အဲဒီအတွက် ဂျူးအခြေချ နေရာအားလုံးမှာ အစ္စရေး အချုပ်အခြာအာဏာ တည်တံ့စေရမယ်။ ဒါအဖြေပဲ" လို့ ပြောလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက "ကျနော် ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲနဲ့ စကားပြောခဲ့တယ်။ အေရီရယ်လမ်းဆုံ တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့လူနာ သေဆုံးကြောင်း သူက အတည်ပြုပေးခဲ့တယ်။ သေဆုံးခဲ့သူရဲ့ မိသားစုဝင်တွေကို ဝမ်းနည်းကြောင်း ကျနော် ပြောခဲ့ပါတယ်။ အစ္စရေးစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူသတ်သမားတွေကို လိုက်ရှာနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ၁၉၆၇ စစ်ပွဲအပြီးမှာ အစ္စရေးတို့က အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့ပြီး ပါလက်စတိုင်းတွေဟာ အရှေ့ဂျေရုဆလင်ကို သူတို့ရဲ့ အနာဂတ်မြို့တော်အဖြစ် လိုလားလျက်ရှိပါတယ်။ အစ္စရေးတို့က ဂျေရုဆလင် တမြို့လုံးကို ခွဲခြားလို့မရတဲ့မြို့အဖြစ် သဘောထားပြီး အဲဒီပြောကြားချက်ကို နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။

A d v e r t i s e m e n t With Us

More News
Up