ရွှေကျောင်းတော်ကြီးကို ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံထိန်းသိမ်းရေးအဖွဲ့က ထိန်းသိမ်းမည်
DVB
·
February 6, 2018
မန္တလေးမြို့ရှိ သမိုင်းဝင်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရွှေကျောင်းတော်ကြီးကို ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WMF) ကနေ ထိန်းသိမ်းပြုပြင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်တို့ရဲ့ အကူအညီနဲ့ WMF က နိုင်ငံတကာ သစ်သားပညာရှင်တွေ ပူးပေါင်းပြီး ရွှေကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းနေတာလို့ ဒီနေ့ ဂျက်ဖာဆင်စာကြည့်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။
၂၀၁၇ နိုဝင်ဘာလကတည်းက ရွှေကျောင်းကြီးရှိ နယားအရုပ်တွေရဲ့ ရေနံချေး၊ ဖုန်မှုန့်တွေကို သစ်သားပညာရှင် အာဇူလာအက်နက်(ရှ်)ဂါစထရူဂါလာနဲ့အတူ မန္တလေး နည်းပညာတက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ လုပ်အားပေးအကူညီနဲ့ ပူးပေါင်း ပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်။
နယားအရုပ်တွေနဲ့ ပတ်သက်ပြီး ရေးဆွဲတာကအစ ထိန်းသိမ်းမှု နည်းပညာနဲ့ မှတ်တမ်းတွေအတွက်လည်း လေ့လာပညာယူနိုင်တယ်လို့ စီမံကိန်းမှာ ပါဝင်ကူညီတဲ့ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ ရွှေကျောင်းကြီးဟာ ၁၈၅၀ နှစ် ကာလကတည်းက တည်ရှိခဲ့တဲ့ အနုပညာလက်ရာတွေနဲ့ အလှဆင်ထားတဲ့ သစ်သားအဆောက်ဦ ဖြစ်ပါတယ်။