A d v e r t i s e m e n t With Us

တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ခေါ်စရာ မလိုအပ်ဟု မော်ရင်ဟို ပြော

အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ ကစားသမားသစ်ခေါ်စရာ မလိုတော့ဘူးလို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ မော်ရင်ဟိုက ပြောကြားခဲ့တာပါ။ အသင်းမှာ ဆန်းချက်ဇ် ရောက်လာတာကြောင့် ဘယ် ညာ တောင်ပံနှစ်ဖက်စလုံး ကစားနိုင်ပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ မာတာနဲ့ လူကာကူတို့လို တိုက်စစ်ကစားသမားတွေလည်း ရှိတဲ့အတွက် တိုက်စစ်ပိုင်း မလိုအပ်တော့ဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့တာပါ။ လာမယ့်နွေရာသီမှာ တခြားနေရာတွေအတွက် ကစားသမား ခေါ်ယူဖို့ စဉ်းစားဖွယ်ရှိပြီး တိုက်စစ်ကစားသမား အင်အားစုကို ကျေနပ်မှုရှိတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up