ချဲလ်ဆီးကို ဆက်လက်ကိုင်တွယ်ရန် ဆန္ဒရှိဟု ကွန်တီ ပြော

1.2K
ချဲလ်ဆီးအသင်းကို ဆက်လက်ကိုင်တွယ်သွားဖို့ ဆန္ဒရှိတယ်လို့ နည်းပြ ကွန်တီက ပြောလိုက်ပါတယ်။
ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြကွန်တီရဲ့ နေရာမှာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်နဲ့ အစားထိုးခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
မိမိရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၉ ခုနှစ်အထိ ကျန်ရှိနေသေးပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစားနေတာကို အသင်းဘက်က နားလည်မယ်ဆိုရင် စာချုပ်သက်တမ်း တိုးလိမ့်မယ်လို့ ကွန်တီက ဆိုပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ကတည်းက မိမိရဲ့ နည်းပြရာထူးနဲ့ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာဖြစ်ပြီး အသင်းဘက်က မိမိကို ယုံကြည်တဲ့အနေနဲ့ ကြေညာချက်တခု ထုတ်ပြန်ပေးသင့်တယ်လို့လည်း ကွန်တီက ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်ကို ၃ ဂိုးပြတ် ရှုံးခဲ့သလို မနေ့ညက ယှဉ်ပြိုင်တဲ့ ဝတ်ဖို့ဒ်နဲ့ပွဲမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ နည်းပြကွန်တီရဲ့ အနာဂတ် မရေမရာ ဖြစ်လာနေပါတယ်။