တရုတ်တွင် မီးရှူးမီးပန်းစက်ရုံတရုံ ပေါက်ကွဲ

ဓာတ်ပုံ - ရိုက်တာ
1.2K
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ ရွမ်းလီစီရင်စုထဲက မီးရှူးမီးပန်းစက်ရုံတခုမှာ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။
အင်တာနက်ပေါ်မှာ တက်လာတဲ့ ဗွီဒီယိုမှာတော့ မီးခိုးမည်းတွေဟာ စက်ရုံကနေ တလိပ်လိပ်တက်လာတာကို ပြနေပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လက်ရှိအချိန်အထိ ထိခိုက်သေဆုံးသူ အရေအတွက် မသိရသေးဘူးလို့လည်း တရုတ်နိုင်ငံပိုင် သတင်းဌာန စီစီတီဗွီက ကြေညာထားပါတယ်။