တွေးခေါ်စဉ်းစားတတ်စေရန် လေ့ကျင့်ပေးထားသည့် ဖောင်တော်ဦး ဘကကျောင်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
February 5, 2018
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာရှိတဲ့ ဘုန်းတော်ကြီးသင် ဖောင်တော်ဦး ဘကကျောင်းမှာ အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ ကျောင်းသားတွေကို ကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ကျောင်းဆင်းပွဲကို အဋ္ဌမတန်းကျောင်းသားတွေကို ဦးဆောင်စေပြီး ကျောင်းဆင်းပွဲကို ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကျောင်းမှာ ကျောင်းသားတွေကို သင်ခန်းစာတွေနဲ့ ပတ်သက်လို့ တွေးခေါ်စဉ်းစားတတ်စေဖို့နဲ့ အလွတ်ကျက်ရေးဖြေတဲ့ အဆင့်မျိုးတွေ မရှိအောင် ဆရာတွေအနေနဲ့ သင်ပေးထားတယ်လို့ သိရပါတယ်။