Home
သတင်းဓာတ်ပုံ
မြစ်သားမြို့နယ်တွင် ဓာတုလွတ် စံပြစိုက်ပျိုးခင်း စတင် (သတင်းဓာတ်ပုံ)
DVB
·
February 5, 2018
မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဓာတုလွတ် သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး စံပြကွက် (Conservation Agriculture Demo Plot) စိုက်ပျိုးခင်းကို မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သပြေသာရွာမှာ မြေယာကို မထွန်ယက်ဘဲ စိုက်ပျိုးနေပါတယ်။ မြေပြင်ကို ပင်ကြွင်းပင်ကျန်တွေနဲ့ ဖုံးအုပ်စိုက်ပျိုးပြီး သဘာဝမြေသြဇာ၊ သဘာဝ ပိုးသတ်ဆေးတို့ အသုံးပြုပြီး ပထမဦးဆုံးအကြိမ်ဖြစ် အဲဒီစိုက်ကွင်းတွေထဲမှာ မြေပဲ၊ ပြောင်း၊ ကုလားပဲ သီးနှံမျိုးစုံဖြင့် အောဂဲနစ် စိုက်ပျိုးမှုတွေကို ၂၀၁၇ သြဂုတ်လကနေ စတင်စိုက်ပျိုးနေကြပါတယ်။ ရေရှားပါးတဲ့ ဒေသကျေးရွာတွေဟာ မိုးရာသီကို အားထားပြီး စိုက်ပျိုးခဲ့ကြတာတွေ ရှိပါတယ်။ အခု သဘာဝမြေသြဇာနဲ့ စိုက်ပျိုးလုပ်ကိုင်လာတဲ့အပေါ် ဒီနှစ် သီးနှံမျိုးစုံ ရရှိလာတဲ့အတွက် စားဝတ်နေရေး အထောက်အကူပြုလာတယ်လို့ သပြေသာကျေးရွာက တောင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024