Live
Home
မြန်မာသတင်း
ဖားကန့်တွင် ကျပ်သိန်း ၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
February 5, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီလောက်က မန္တလေး-ဖားကန့် ကားလမ်း နန့်တိန်းတပ်စခန်းမှာ ဖြိုးကျော် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရန်ကြည်ဟော် (ခ) ဂျီဟော် လိုက်ပါလာတဲ့ ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်ပေါ်ကနေ ကျပ်သိန်း ၂၁,၁၄၉ တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၁၀၈၇ ခွက် (ဘိန်းဖြူ အလေးချိန် ၁၀ ဒသမ ၈၇ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆,၄၅၀ ပြားတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ကွင်းဆက်အရ မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေး(တောင်ပိုင်း)က တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၊ ၆၀(A)လမ်းနဲ့ ၆၀(B) လမ်းကြား၊ အောင်ဇေယျလမ်း၊ အိမ်အမှတ် (တတ-၇/၂၄-၂၅) မှာ မော်တော်ယာဉ်ပိုင်ရှင် အိုက်စံ (ခ) စူးလီထုံးအား လက်ကိုင်ဖုန်းတလုံး၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်တအုပ်တို့နဲ့အတူ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဖြိုးကျော်၊ ရန်ကြည်ဟော် (ခ)ဂျီဟော်နဲ့ အိုက်စံ(ခ)စူးလီထုံးတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024