A d v e r t i s e m e n t With Us

ကလေးသူငယ်များ၏ စိတ်ကျန်းမာရေး အရေးကြီးဟု ကိန်းဘရစ်မြို့စားကတော်ပြော

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန် ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်က ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေး အရေးပါပုံအကြောင်းကို ဗွီဒီယိုဖိုင်ကတဆင့် ပြောကြားခဲ့ပါတယ်။ ဗြိတိန်တော်ဝင်အိမ်ရှေ့မင်းသား နှစ်ဦးဖြစ်ကြတဲ့ ဝီလျံ၊ ဟယ်ရီနဲ့ မြို့စားကတော် ကိတ်မစ်ဒယ်တန်တို့ဟာ ကလေးသူငယ် စိတ်ကျန်းမာရေးကို ဦးစားပေးစည်းရုံး လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။ ဒီနှစ် ကလေးသူငယ် စိတ်ကျန်းမာရေး သီတင်းပတ်ကို “ကျွန်ုပ်တို့ ကိုယ်တိုင်ဖြစ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်လှုပ်ရှားနေတာပါ။ မြို့စားကတော် ကိန်မစ်ဒယ်တန်က “ကလေးဘဝဟာ ကျမတို့ဘဝတွေမှာ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ကျမတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စူးစမ်းတဲ့အချိန်၊ ကျမတို့မှာ ရှိနေတဲ့ စွမ်းရည်ကို ရှာဖွေတဲ့အချိန်နဲ့ ကျမတို့ဆိုတာဖြစ်လာအောင် သင်ယူတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ငယ်ရွယ်စဉ်အချိန် အတွေ့အကြုံဟာ ကြီးလာရင် ဘယ်လိုလူဖြစ်လာမလဲ ဆိုတာကို ပုံဖော်ပေးပါတယ်။ ကိုယ့်ဘဝမှာ အဆင်ပြေအောင် ဘယ်လိုနေထိုင်မလဲ ဆိုတာကို ပုံဖော်ပေးပါတယ်” လို့ ပြောပါတယ်။ “ကျမတို့ ကျောင်းအုပ်ဖြစ်စေ၊ ဆရာမဖြစ်စေ၊ မိဘဖြစ်စေ အားလုံးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြပါတယ်။ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ကျမတို့ ပွင့်ပွင့်လင်းလင်း ရှိကြတဲ့အခါ ကျမတို့ အစောင့်အရှောက်အောက်မှာ ရှိနေတဲ့ ကလေးတွေကို သူတို့ကိုယ်တိုင်ရဲ့ အကောင်းဆုံးဖြစ်လာဖို့ အခွင့်အရေးရှိတယ်ဆိုတာကို သေချာအောင် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” လို့လည်း ပြောပါတယ်။ မကြာသေးခင်က ဗြိတိန် တော်ဝင်အိမ်ရှေ့မင်းသား နှစ်ဦးဟာ ငယ်ဘဝက သူတို့ရဲ့ မိခင်ဖြစ်သူ မင်းသမီး ဒိုင်ယာနာ ကားအက်ဆီးဒင့်မှာ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သူတို့ရဲ့စိတ်မှာ အမာရွတ် ထင်ကျန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up