A d v e r t i s e m e n t With Us

မော်စကိုတွင် နှင်းအကြီးအကျယ်ကျဆင်း၍ လူ ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ - အေအက်ဖ်ပီ
ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ နှင်းကျဆင်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက နှင်းတွေစကျခဲ့ပြီး ညလုံးပေါက် နှင်းဆက်ကျခဲ့တာပါ။ နှစ် ၆၀ အတွင်း အသည်းထန်ဆုံး နှင်းကျခဲ့တာလို့ ပြည်ထောင်စု မိုးလေဝသဗျူရိုကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။ နှင်းထု ၄၃ စင်တီမီတာထိ ကျဆင်းခဲ့ပြီး ရာနဲ့ချီတဲ့ သစ်ပင်တွေပြိုလဲကာ လူအတော်များများ ဒဏ်ရာရတယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂီ ဆိုဗျန်နင်က လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ လဲကျတဲ့သစ်ပင်က လျှပ်စစ်ဓာတ်ကြိုးပေါ် ကျခဲ့တဲ့အတွက်လည်း လူ ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up