ယူရိုပါလိဂ်တွင် မစ်ခီတာယန်း ကျောနံပါတ် ၇၇ ဝတ်ဆင်ကစားမည်

1.2K
အာဆင်နယ်ကစားသမားအသစ် မစ်ခီတာယန်း ဟာ ယူရိုပါလိဂ်မှာ ကျောနံပတ် ၇၇ ကို ဝတ်ဆင်ကစားမှာဖြစ်တယ်လို့ အသင်းကပြောပါတယ်။
မန်ယူကို ပြောင်းရွှေ့သွားတဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၇ ကို ယူရိုပါလိဂ်မှာ မှတ်ပုံတင်ထားတာကြောင့် သူ့အနေနဲ့ ဝတ်ဆင်ကစားခွင့် မရတဲ့အတွက် ၇၇ ကို ဝတ်ဆင်ရတာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အာမေးနီးယန်းလက်ရွေးစင် မစ်ခီတာယန်းဟာ တပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ နဲ့ မန်ယူအသင်းကနေ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ရောက်ရှိလာခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ် လူစာရင်းမှာ ဒဏ်ရာကြောင့် အချိန်တော်တော်ကြာ အနားယူနေရတဲ့ ကာဇိုလာလည်း လူစာရင်းမှာ ပါဝင်လာပါတယ်။
ကာဇိုလာဟာ ၂၀၁၆ ခုနှစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လူဒိုဂိုရက်စ်အသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံးကစားထားတာပါ။
အာဆင်နယ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပြိုင်ပွဲအတွက် ဆွီဒင်ကလပ် Ostersunds အသင်းကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။