Grand Harvest စက္ကူပုံး စက်ရုံမီးလောင် (ရုပ်သံ)
DVB
·
February 4, 2018
ဇန်နဝါရီ ၄ ရက်၊ အခုညနေပိုင်း ၄ နာရီခွဲလောက်မှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ Grand Harvest စက္ကူပုံး စက်ရုံမီးလောင်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးငြှိမ်းသတ်မှုအဆင့် ၂ သတ်မှတ်ငြှိမ်းသတ်ရာကနေ နောက်ထပ် ၁၀ မိနစ်လောက်အကြာမှာတော့ အဆင့် ၃ အထိ တိုးမြှင့် ငြှိမ်းသတ်နေပါတယ်။
ညနေ ၆ နာရီ ထုတ်ပြန်ချက်မှာတော့ ပတ်ဝန်းကျင်ကို မကူးစက်အောင် ဘက်ပေါင်းစုံက ငြှိမ်းသတ်နေတယ်လို့ ဆိုပါတယ်။