Live
Home
မြန်မာသတင်း
သာစည်-လွိုင်ကော်ရထားပေါ်တွင် ဘိန်းဆီခဲ ကျပ်သိန်း ၆၀၀ ဖိုးခန့် ဖမ်းမိ
DVB
·
February 4, 2018
သာစည်မြို့နယ်၊ ယင်းမာပင်ဘူတာ သာစည်-လွိုင်ကော် အစုန်ရထားပေါ်မှာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက အမည်းရောင်ဘိန်းဆီခဲ သိန်း ၆၀၀ ဖိုးလောက် ပိုင်ရှင်မဲ့ ဖမ်းမိတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။ သတင်းအရ ယင်းမာပင်ရွာဘူတာမှာ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု မီရထားရဲနဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့က လွိုင်ကော်ကဆင်းလာတဲ့ ရထားတွဲအမှတ်(၁)ကို ရှာဖွေရာမှ ပိုင်ရှင်မဲ့ ဖမ်းမိတာပါ။ ယင်းမာပင်ရွာစခန်းမှူး ရဲအုပ်ကျော်မြင့်သိန်း က “ရထားအတက်အဆင်း တံခါးပေါက် ဘယ်ဘက်ဘေးက ပစ္စည်းတင်တဲ့ စင်ပေါ်‎မှာ တွေ့တာပါ။ အမည်းရောင် အဝါရောင်အကြား ပလပ်စတစ်ခြင်းထဲက ၆ဒသမ၅ ကီလိုဂရမ် စိမ်းဝါနီကြား ပလတ်စတစ်ခြင်းကြားထဲက ၆ ဒသမ ၅ ကီလိုကီရမ် ‎တွေ့တယ်။ ပေါင်း ၁၃ ကီလိုဂရမ်ပေါ့ ၅၈၅ သိန်း တန်ဖိုးသင့်တယ်။ ပိုင်ရှင်ကို စုံစမ်းနေတယ်” လို့ ပြောပါတယ်။ ‎ ယင်းမာရွာရဲစခန်းမှာ စုံစမ်းနေဆဲတရားခံ‎ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ၊ ရောင်းချရန်လက်ဝယ်ထားရှိ သယ်ယူမှု ပုဒ်မ ၁၉(က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024