အမုန်းတရားကို ဆန့်ကျင်ကြောင်း လူ ၁၅၀၀ ခန့် ဂျာမနီတွင် ဆန္ဒပြ

People attend a demonstration against discrimination of migrants in Cottbus, Germany February 3, 2018. REUTERS/Hannibal Hanschke
ဂျာမနီနိုင်ငံမှာ အာရပ်ဒုက္ခသည်တွေက အမုန်းတရားကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ခေါ့ထ်ဘတ်စ်မြို့မှာ အာရပ်ဒုက္ခသည်တွေနဲ့ ဂျာမန်လူမျိုးတွေ ပါတဲ့ လူအယောက် ၁၅၀၀ လောက် ဖေဖော်ဝါရီ ၃ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေကို လိုလားပြီး ဖက်ဆစ်စနစ် ဆန့်ကျင်တဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။ ဆီးရီးယား ဆယ်ကျော်သက်တွေရဲ့ ဓားနဲ့တိုက်ခိုက်မှု ၂ ခုအပြီး မြို့အရှေ့ပိုင်းမှာ လက်ယာစွန်း အမျိုးသားရေး အုပ်စုတွေက တင်းမာမှု လှုံ့ဆော်ရေး အားထုတ်ခဲ့လို့ ပြစ်တင်ရှုတ် ချတာလည်း ဖြစ်ပါတယ်။ ဂျာမနီနဲ့ ပိုလန် ၂ နိုင်ငံ နယ်စပ်နားက လူဦးရေ ၁ သိန်းလောက်နေတဲ့ မြို့ထဲမှာ ရဲတွေက လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ ဒီမြို့ဟာ မနှစ်က ရွေးကောက်ပွဲအတွင်း ဂျာမန် အဓိပတိ အိန်ဂျလာ မာကယ်ရဲ့ ပါတီကို ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ဂျာမနီအတွက် ရွေးချယ်စရာလို့ အဓိပ္ပာယ်ရတဲ့ AfD ပါတီက အနိုင်ရတဲ့ မြို့ပါ။ ခိုလှုံခွင့် တောင်းခံသူ အယောက် ၁ သန်းကျော်ကို လက်ခံဖို့ မာကယ်ရဲ့ ၂၀၁၅ ဆုံးဖြတ်ချက်ကို မဲရှင်တွေက ဒေါသထွက်ခဲ့ပါတယ်။ ဒေသခံတွေနဲ့ လက်ယာစွန်း အုပ်စုတွေကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ပိုစတာတွေ ကိုင်စွဲပြီး တန်ပြန်ချီတက်ခဲ့တာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ရာဇဝတ်မှု တိုးလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဂျာမနီနိုင်ငံအရှေ့ပိုင်းက သက်ကြီး မျိုးဆက်တွေဟာ ကွန်မြူနစ်ဝါဒနဲ့ ကြီးပြင်းခဲ့ပြီး နိုင်ငံခြားသားတွေနဲ့ ထိတွေ့မှုနည်းလို့ ရွှေ့ပြောင်းနေထိုင်သူတွေ ကြားမှာ စိတ်သောက ဖြစ်မှု မြင့်တက်နေပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စီစဉ်တဲ့ ထီးအုပ်စုကတော့ သူတို့ဟာ အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြတာသာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူ တွေကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရဲတွေဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က လက်ယာစွန်း အမျိုးသား ဒီမိုကရက်တစ်ပါတီဝင် ၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up