A d v e r t i s e m e n t With Us

ကျောင်းသား ၁၃ ဦး၏လက်ကို မီးဖြင့်ရှို့သည့် ကျောင်းအုပ်ဆရာမကြီး အမှုဖွင့်ခံရ

အိန္ဒိယကျောင်းအုပ်ကြီးက ကျောင်းသား ၁၃ ယောက်ရဲ့ လက်တွေကို အတင်းအဓမ္မ ဖယောင်းတိုင်မီးပေါ်တင်ပြီး ရှို့ခဲ့လို့ ကျောင်းအုပ်ဆရာမကြီးကို ရဲတွေက အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၉ နှစ်အရွယ် ကျောင်းသားတွေထဲက တယောက်က အတန်းဖော် တယောက်ရဲ့ ပိုက်ဆံခိုးယူတာကိုသိဖို့ ကျောင်းအုပ်ကြီး စူရှန်တီဟမ်ဘရွမ်က ရှာခဲ့ရင်း ဒီအဖြစ်အပျက်က အိန္ဒိယနိုင်ငံ အရှေ့ဘက် ဂျာခန်ပြည်နယ် ကိုယ်ပိုင်ကျောင်းမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။ မိဘတွေက တိုင်တန်းပြီး နောက်တနေ့မှာ မစ္စဟမ်ဘရွမ်ကို အလုပ်က ခေတ္တရပ်နားလိုက်ပြီး ဆရာမကြီးကတော့ အပြစ်ရှိတဲ့ ကျောင်းသားက ကြောက်ပြီး ဝန်ခံလာအောင် ဒီလိုလုပ်ခဲ့တာလို့ ပြောကြောင်း ရဲတွေက ဟင်ဒီရာဗီပရာကက်ရှ် ဘီဘီစီကို ပြောပါတယ်။ ကျောင်းသား ၁၃ ယောက်လုံးကို ဖယောင်းတိုင်မီးပေါ် လက်တွေတင်ကာ မီးရှို့ခံဖို့ ပြောခဲ့လို့ ကျောင်းသားတွေအားလုံးက လုပ်ခဲ့ရပြီး တချို့ကျောင်းသားတွေက လက်တွေကို အမြန်ဖယ်ခဲ့လို့ ကျောင်းသား ၇ ယောက်ကတော့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မစ္စဟမ်ဘရွမ်က လက်ကို အဓမ္မမီးရှို့ခဲ့လို့ အနည်းဆုံး ကျောင်းသားတဦး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဲဒီကျောင်းသား ဆေးရုံက ပြန်ဆင်းသွားတယ်လို့ သိရပါတယ်။ မစ္စဟမ်ဘရွန်က ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အမှားကြီးလုပ်ခဲ့မိတယ်လို့ ဝန်ခံပြီး ကျောင်းသားတွေနဲ့ မိဘတွေကို တောင်းပန်ခဲ့ပါတယ်။ အိန္ဒိယကျောင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်ပြီး အပြစ်ပေးတာကို တားမြစ်ထားပေမယ့် ဆက်လက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသေးတယ်လို့သိရပြီး ကျောင်းတွေမှာ အဝတ်အစားချွတ်ပြီး အပြစ်ပေးတာက ပုံမှန်လို ဖြစ်နေတုန်းပါ။ ၂၀၁၇ ခုနှစ် မတ်လတုန်းကလည်း မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ကျောင်းမှာ ကျောင်းသူတွေ ရာသီသွေး ပေါ်တာကို စစ်ဆေးဖို့ အသက် ၁၀ နှစ်အရွယ် ကျောင်းသူ ၇၀ ကို အဝတ်အစားချွတ်ပြီး စစ်ဆေးခဲ့လို့ မိဘတွေက ထိတ်လန့်ပြီး အကြီးအကျယ် စိတ်ပျက်ခဲ့ကြတယ်လို့ ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up