သမီးအရင်းကို ၄ နှစ်ကျော်ကြာ အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့် အမျိုးသားကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ စူရက်ဌာနီခရိုင်မှာ ဆယ်ကျော်သက်သမီးဖြစ်သူကို မူးယစ်ဆေးဝါးတိုက်ပြီး ၄ နှစ်ကျော်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ဖခင်ဖြစ်သူကို ဖေဖော်ဝါရီ ၂ ရက်နေ့အစောပိုင်းက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဂျုမ်လို့ခေါ်တဲ့ အမျိုးသားကို ရဲတွေက တရားရုံး  ထုတ်ပြန်တဲ့ ဝရမ်းနဲ့ ဝီပါဝါဒီခရိုင်က သူ့အိမ်မှာ မနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ကဖမ်းဆီးခဲ့ပြီး သူ့ကို ချမ်ဖွန်ခရိုင်က လန်စူရန်ရဲစခန်းကို စစ်ကြေားရေးလုပ်ဖို့ ခေါ်ဆောင်သွားပါတယ်။ အသက် ၅၀ အရွယ် အဖွား ချွိုင်ဆိုသူက သူမရဲ့မြေးကို အသက် ၁၀ နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တာလို့ လန်စူရန်ရဲစခန်းကို အစောပိုင်းတုန်းက ပြောခဲ့ကြောင်း သတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။ မြေးမဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံရတဲ့ ရက်စွဲနဲ့ အဖွားနဲ့နေချင်ပြီး စာသင်ချင်ကြောင်း ရေးထားတဲ့ စာကို အဖွားဖြစ်သူက တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ “ကျမကို အဖေ……နေ့မှာ ပထမဆုံးအကြိမ် အဓမ္မကျင့်ခဲ့တယ်။ ……..နေ့မှာ ဒုတိယအကြိမ်……..နေ့မှာ တတိယအကြိမ် ကျင့်ခဲ့တယ်။ ကျမ စာသင်ချင်တယ်။ အဖေ ကျမနဲ့ ရှိချိန်ဆို အဖေ ကျမကို ရိုက်တယ်၊ ကျမ လွတ်လပ်ချင်တယ်။ အဖေက ကျမ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အဖွားကို ကိုယ်ချင်းစာတယ်” လို့ ရေးထားတဲ့စာကို အဖွားဖြစ်သူက ရဲတွေကို ပြခဲ့ပါတယ်။ “ကျမအဖိုး အဖွားတွေနဲ့နေချိန် အဖေ ဘယ်တုန်းကမှ ကျမကို ဂရုမစိုက်ဘူး။ ကျမ အသက်ကြီးလာမှ အဖေ ကျမကို စိတ်ဝင်စားတယ်။ ကျမအဖွားနဲ့ပဲ နေချင်တယ်။ အဖေနဲ့ မနေချင်ဘူး၊ အဖေသာ အဖမ်းမခံရရင် သူ ကျမကို ထပ်ချဉ်းကပ်ဦးမှာပဲ၊ ကျမ စာသင်ချင်တယ်” လို့ ရေးထားတာ တွေ့ရပါတယ်။ အဖွားဖြစ်သူ ချွိုင်က သူမရဲ့သမီးဟာ ဒီအမျိုးသားနဲ့ ဆယ်စုနှစ်ကျော် နေထိုင်ခဲ့ကြောင်း၊ သမီးဖြစ်သူ ၃ လ ကိုယ်ဝန်ရချိန် ဂျုမ်က အခြားခရိုင်ကို ထွက်သွားပြီး အခြား အမျိုးသမီးတယောက်နဲ့ နေကြောင်း၊ သူမရဲ့ သမီးကလည်း ခင်ပွန်းသစ်တွေ့ပြီး သူမရဲ့ မွေးကင်းစ သမီးလေးကို အဖိုးအဖွားတွေနဲ့ ထားခဲ့ကြောင်း ပြောပါတယ်။ မြေးမလေး အသက် ၂ နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဂျုမ်က အဖိုးအဖွားတွေဆီ စတင်လာလည်ကြောင်း၊ ၂၀၁၄ ခုနှစ် မြေးမလေး အသက် ၁၀ နှစ်အရွယ်မှာ ဂျုမ်က မူးယစ်ဆေးဝါး သုံးစွဲပြီး မြေးမလေးကို ခေါ်သွားကြောင်း ဖခင်ဖြစ်နေလို့ ခေါ်ခွင့်ပြုခဲ့ကြောင်း အဖွားဖြစ်သူက ပြောပါတယ်။ မြေးဖြစ်သူ အလယ်တန်းကျောင်းတက်ချိန်မှာ ကောင်လေးတယောက်နဲ့ သမီးရည်းစားဖြစ်သွားလို့ အဖွားက အဲဒီအကြောင်း ဂျုမ်ကို ပြောချိန် သူက သမီးဖြစ်သူကို ဆူပြီး ရိုက်ကာ အိမ်ထဲမှာ ၂ ပတ်လောက် ပိတ်ထားပြီး ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ခိုင်းခဲ့ကြောင်း သိရပါတယ်။ အဖွားဖြစ်သူက မြေးမရဲ့ စာကို သိပ်မကြာခင်ကတွေ့ခဲ့ပြီး နောက်ဆုံးအကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ရက်စွဲက ၂၀၁၇ ခုနှစ် အောက်တိုဘာလ မြေးမလေး အသက် ၁၃ နှစ် ပြည့်ချိန်ဖြစ်ကြောင်း၊ သမီးဖြစ်သူက ငြင်းသည့်တိုင် ဂျုမ်က သမီးကို မက်သာဖက်တမင်းဆေးပြားတွေ တိုက်ခဲ့ကြောင်းလည်း အဖွားဖြစ်သူက ရဲကို ပြောပါတယ်။ လန်စူရန်ရဲတွေက အဖွားဖြစ်သူနဲ့ မြေးဖြစ်သူကို မေးခွန်းတွေ မေးပြီး ဆေးစစ်ပြီးတဲ့နောက် လန်စူရန်တရားရုံးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝရန်းလျှောက်ထားပြီး ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up