မြို့တော် တောင်ကြီးမှာ ပွင့်နေတဲ့ ချယ်ရီပန်းများ (ဓာတ်ပုံ)
DVB
·
February 4, 2018
ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမြို့တော်မှာ ပွင့်နေတဲ့ ချယ်ရီပန်းတွေကို တွေ့ရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နဲ့ ခွဲလို့မရတဲ့ တောင်ပေါ်ချယ်ရီပန်းတွေဟာ ဆောင်းရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကြည့်လေရာမှာ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီပန်းတွေကို တွေ့ရမှာပါ။
ဇန်နဝါရီလကုန်မှာတော့ ပန်းတွေကြွေကျပြီး အရွက်သစ်ထွက်လာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - ကျော်ဇင်၊ မောင်ငယ်