Home
မြန်မာသတင်း
VeVe အချိုရည်​စက်​ရုံ အလုပ်သမားများ ၄ ရက်မြောက် ဆန္ဒပြ
DVB
·
February 3, 2018
မန္တ​လေးမြို့၊ ပြည်​ကြီးတခွန်​မြို့နယ်​ ၆၂ လမ်း စက်​မူပန်းခြံလမ်းက VeVe အချိုရည်​စက်​ရုံက အလုပ်​သမားတွေဟာ ၄ ရက်​​မြောက်​ ဆန္ဒပြ​ တောင်းဆို​နေကြပါတယ်​။ အချက် ၁၅ ချက်​ ​တောင်းဆိုခဲ့ကြရာ ညှိနှိုင်းမှုကြောင့် ၁၄ ချက်​​ပြေလည်​မှုရရှိခဲ့ပြီး အဓိကကျတဲ့ နှစ်​တိုး​ကြေးအချက်​မှာ ​ပြေလည်​မူ မရရှိခဲ့ကြပါဘူး။ အလုပ်သမားရေးရာ ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူတွေ၊ အလုပ်သမား ကိုယ်စားလှယ် ဦးနေလင်းအောင်နဲ့ ဒေါ်သန္တာစိုးပါ ၇ ဦး နဲ့ ညှိနှိုင်းဆွေးနွေးရာ စက်ရုံမန်နေဂျာ ဒေါ်ကျင်ကျင်ဝေက လုပ်သက် ၁ နှစ်ကနေ ၂ နှစ် ရှိသူကို တလကို ၂၅၀၀ ကျပ်၊ ၃ နှစ်ကနေ ၄ နှစ်ရှိသူကို ၃၅၀၀ ကျပ်နဲ့ ၅ နှစ်အထက်ကို ၄၅၀၀ ကျပ်ပေးရာ အလုပ်သမားတွေက တလကို ၈၀၀၀ ကျပ်ရမှ လက်ခံမှာဖြစ်တဲ့အတွက် ပြေလည်မှု မရရှိခဲ့တာဖြစ်ပါတယ်။ “ဒီ​နေ့​နောက်​ဆုံးထားပြီး ​​တောင်းဆိုထားတဲ့ နှစ်​တိုး​ကြေး ၈၀၀၀ ကို အလုပ်​ရှင်ဘက်က မလိုက်လျောရင် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အင်​အား ၁၀၀၀ နဲ့ ဆန္ဒပြ​တောင်း ဆိုသွားမယ်”​ လို့ VeVe စက်​ရုံအလုပ်​သမားဖြစ်​သူ မသီတာဝင်းက ​ပြောပါတယ်​။ VeVe စက်​ရုံက အလုပ်​သမား​ခေါင်​ဆောင်​တချို့က အလုပ်​သမား အမျိုးသမီးငယ်​​တွေကို ကိုယ်​ထိလက်​​ရောက်​​ စော်​ကားထားတာ​တွေရှိခဲ့တာမို့ ကာယိ​နြေ္ဒပျက်​စီးခဲ့တာ​ကြောင့် အလုပ်​သမားမိန်းက​လေး ၆ ဦးက တရားစွဲဆိုတယ်လို့ မသီတာဝင်းက ပြောပါတယ်။ အခုလို​ တောင်းဆိုဆန္ဒပြလို့မှမရရင်​ VeVe ကုန်​အမှတ်​တဆိပ်​နဲ့ စက်​ရုံကထွက်​လာတဲ့ စား​သောက်​ကုန်​ပစ္စည်း​တွေဟာ မိန်းက​လေးငယ်​​တွေကို ​စော်​ကားပြီးမှ ထွက်​လာတဲ့ ပစ္စည်း​တွေဖြစ်​တဲ့အ​ကြောင်း ကမ်​ပိန်းလုပ်​ပြီး ​တောင်းဆို သပိတ်​​မှောက်​သွားမယ်​လို့ မြန်​မာနိုင်​ငံ စက်​မှုလက်​မှု လုပ်​ငန်း​ပေါင်းစုံအလုပ်​သမားသမဂ္ဂ အတွင်း​ရေးမှူး ဦးသက်​နှင်း​အောင်​က ​ပြောပါတယ်​။ VeVe စက်​ရုံက အ​ရောင်းတာဝန်​ခံ မစိမ်းမင်းမင်းထွန်းက “ကျမအထက်​က တာဝန်​ရှိသူ​တွေက​တော့ သက်​ဆိုင်​ရာ အလုပ်​သမားညှိနှိုင်း​ရေးရုံး​တွေသွားပြီး ညှိနှိုင်း​နေကြတာဆို​တော့ ကျမ​တို့အ​နေနဲ့ ဘာမှ​ပြောစရာမရှိဘူး” လို့ ​ပြောပါတယ်​။ VeVe အချိုရည်စက်​ရုံဘက်​ကလည်း အလုပ်​သမား ၆ ဦးကို ၃၄၁ နဲ့ အမူဖွင့် အ​ရေးယူထားတာ​တွေလည်း ရှိပါတယ်​။ သတင်းနှင့်ဓာတ်ပုံ- အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024