A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ တိုင်း/ခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမအကြိမ် တိုင်းခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်နေပါတယ်။ အန်အယ်လ်ဒီရဲ့ အဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ ၈ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ အချက် ၁၉ ချက်ပါဝင်တဲ့ ဒီစာတမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ ရခိုင်အရေးကိစ္စအပါအဝင် ကိုယ်စားလှယ်တွေဆောင်ရွက်ချက်တွေနဲ့ပက်သက်ပြီး သတိပေးထားတဲ့ အချက်တွေပါဝင်ပါတယ်။ ဒီတွေ့ဆုံပွဲကို အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တွေအပါအဝင် ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ - ပြည့်ဘုန်းအောင်

A d v e r t i s e m e n t With Us

More News
Up