မြေပြို၍ ထွက်ပြေးရာမှ ရေမဆေးရှာသူတဦး တူရွင်းထိုးမိ သေဆုံး
DVB
·
February 3, 2018
ကချင်ပြည်နယ်၊ ဖားကန့်မှာ ရေမဆေးရှာသူတယောက် မြေပြိုလို့ ထွက်ပြေးရင်း တူရွင်းထိုးမိလို့ သေသွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခွဲအချိန်မှာ လုံးခင်း၊ မလောင်းရွာနားက လပ်ကီးစတား ကျောက်မျက်ကုမ္ပဏီရဲ့ မှော်စီစာလုပ်ကွက် ၉ မှာ ဖြစ်ခဲ့တာပါ။
ရေမဆေးရှာသူ အသက် ၂၀ အရွယ် စန်းမောင် ရေမဆေးကျောက် ရှာဖွေနေတုန်း အမြင့် ပေ ၅၀ ကျော်က မြေစာတွေ ပြိုလာလို့ ထွက်ပြေးရာမှာ ခလုတ်တိုက်လဲကျပြီး ကိုင်ဆောင်လာတဲ့ သံတူရွင်းနဲ့ ဗိုက်ကို ထိုးမိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို လုံးခင်းတိုက်နယ်ဆေးရုံကို ပို့နေတုန်း သေဆုံးသွားလို့ လုံးခင်း နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။