Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများ နိုင်ငံရေးကင်းရှင်းရမည်ဟု ဥပဒေပြဋ္ဌာန်းချက်မရှိ
နေဖြိုးဝင်း
·
February 2, 2018
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့  အလုပ်လျှောက်တာမှာ နိုင်ငံရေးကင်းရှင်းရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာမရှိဘူးလို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက ဖေဖော်ဝါရီ ၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးမင်းဦး မေးမြန်းတဲ့ ဝန်ကြီးဌာနတွေက ဝန်ထမ်းသစ်တွေခန့်ဖို့ လျှောက်လွှာခေါ်တာမှာ နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း ဆိုတဲ့ စည်းကမ်းချက် သတ်မှတ်ထည့်သွင်းခြင်းမပြုဖို့ ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ဖြေကြားတာ ဖြစ်ပါတယ်။ “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေမှာ ဝန်ထမ်းသစ်တွေ ခန့်ထားနိုင်ဖို့အတွက် လျှောက်လွှာ ခေါ်ယူတာမှာ ပါတီနိုင်ငံရေးနဲ့စပ်လျဉ်းပြီး သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိလို့ ဝန်ကြီးဌာနတွေက ဝန်ထမ်းသစ်တွေ ခေါ်တာမှာ နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှာ ထောက်ခံချက်မူရင်း ဆိုတဲ့ စည်းကမ်းချက် သတ်မှတ်ထည့်သွင်းခြင်း မပြုဖို့ ဝန်ကြီးဌာန အားလုံးကို ညွန်ကြားပေးဖို့ အစီအစဉ် မရှိသေးကြောင်း ဝန်ကြီးဌာနအားလုံးနဲ့ ညှိနှိုင်းပြီး ဖြေကြားအပ်ပါတယ်။” ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၂၆ ပုဒ်မခွဲ(က)မှာ နိုင်ငံ့ဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (ဆ) ပါ ပါတီနိုင်ငံရေး ကင်းရှင်းရေး ပြဋ္ဌာန်းချက်တွေဟာ ပြင်ပပုဂ္ဂိုလ်တဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် အတည်ပြုခန့်ထားပြီးနောက် ပါတီ နိုင်ငံရေး ကင်းရှင်းတာကို လိုက်နာရမယ့် တာဝန်တရပ် အနေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတာလို့ ဆိုပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024