စတိုးဆိုင်မှန်ကို ကားဖြင့်တိုက်ဖွင့်ပြီး အေတီအမ်စက် ခိုးယူသွားသူများအား ရဲရှာဖွေနေ (ရုပ်သံ)
Published By
DVB | 2 February, 2018
1.5K
0
Share
0
Comment
0
Likes
အင်္ဂလန်နိုင်ငံမှာ စတိုးဆိုင်ရှေ့မှန်ကို ကားနဲ့တိုက်ခွဲပြီး အေတီအမ်စက် ခိုးယူသွားတဲ့ လူတစုကို ရဲတွေက ရှာဖွေနေကြပါတယ်။
ဒီအဖြစ်အပျက်ဟာ ကမ်းဘရစ်ခ်ျရှိုင်းယားခရိုင်တွင်းမှာ ဇန်နဝါရီ ၂၉ ရက် မနက် ၄ နာရီလောက်က ဖြစ်ခဲ့ပြီး အဲဒီအမျိုးသားအုပ်စုဟာ ခိုးယူလာတဲ့ လန်ရိုဗာကားကို အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အော်လ်ဒီစတိုးဆိုင်ရဲ့ အပြင်ဘက် ဝင်ပေါက်မှန်ကို ကားနဲ့ နောက်ပြန်ဝင်တိုက်ခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက်တော့ ဆိုင်အတွင်းမှ အေတီအမ်စက်ကို အပြင်ဘက်ကို ကြိုးနဲ့ချည် ဆွဲထုတ်ခဲ့ကြတာပါ။
ဆိုင်အပြင်ရောက်ချိန်မှာတော့ သူတို့ဟာ အေတီအမ်စက်ကို နောက်ကားတစီးနဲ့ လွှဲပြောင်းတင်ဆောင်ကာ ခိုးယူသွားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားတွေဟာ မျက်နှာဖုံးစွပ်တွေလည်း တပ်ဆင်ထားခဲ့ကြပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။