A d v e r t i s e m e n t With Us

ကစားသမားကိုကန်ပြီး အနီကတ်ပြခဲ့သည့် ပြင်သစ်ဒိုင်လူကြီးအား ပွဲကိုင်တွယ်ခွင့် ၆ လပိတ်ပင်

ဓာတ်ပုံ - Getty Images
ပြင်​သစ်​ဒိုင်​လူကြီး တိုနီချက်​ပရွန်​ဟာ ပွဲကစား​နေချိန်​အတွင်း ကစားသမားကို ဖြတ်​ကန်​ခဲ့ပြီး အဲဒီကစားသမားကိုပဲ နှစ်ဝါတနီပြ ထုတ်​ပယ်​ခဲ့လို့ ပွဲကိုင်တွယ်ခွင့် ၆ လ အပိတ်​ခံရ​တော့မယ်​လို့ သိရပါတယ်​။ အသက်​ ၄၅ နှစ်​အရွယ်​ရှိပြီဖြစ်​တဲ့ တိုနီချက်​ပရွန်​ဟာ နန့်​တက်​စ်​အသင်းရဲ့ ​နောက်​ခံလူ ဒီ​ယေဂို​ကားလို့စ်ကို ကျူးလွန်​ခဲ့တာဖြစ်​ပြီး​ ဖြစ်​စဉ်​က​တော့ ကားလို့စ်အ​နေနဲ့ ဒိုင်​လူကြီးကို မ​တော်​တဆ ​ခြေ​ခေါက်​လဲပြီး တိုက်​မိတာ​ကြောင့်​လို့ သတင်း​တွေက ​ဖော်​ပြပါတယ်​။ ချက်​ပရွန်​ဟာ ၂၀၀၄ ခုနှစ်​ကတည်း လီဂူးဝမ်းမှာ ကိုင်​တွယ်​လာခဲ့တာဖြစ်​​ပေမယ့်​ သူ့ရဲ့ ဆုံးဖြတ်​ချက်​၊ ​ဒေါသနဲ့ပတ်​သက်လို့ အများက​တော့ အံအားသင့်​​နေကြပါ​တယ်​။ ချက်​ပရွန်​ဟာ ကားလို့စ်ကို အနီကတ်​ပြ ထုတ်​ပယ်​လိုက်​ချိန်​မှာ​တော့ ကစားသမား​တွေ ဝိုင်းဝန်း​ ​စောဒကတက်​ခဲ့သလို ပရိသတ်​ကလည်း ​အော်​ဟစ်​ခဲ့ပါတယ်။ ဒါ​ပေမယ့်​ ချက်​ပရွန်​က​တော့ အားလုံးကို လျစ်​လျူရှုပြီး​ ​နေခဲ့တယ်​လို့ ပရိသတ်​တဦးက ​ပြောပါတယ်​။ ချက်​ပရွန်​အ​နေနဲ့ ရာသီအကုန်​ထိ ပွဲစဉ်​​တွေအပါအဝင်​ ​နောက်​ရာသီ ၃ လတာ ပွဲပယ်​ခံထားရမှာဖြစ်​ပြီး​ ပြစ်​ဒဏ်​လွတ်​​မြောက်​ချိန်​မှာ​တော့ ပြင်​သစ်​လီဂူးဝမ်းနဲ့ တူး လိဂ်​တခုခုမှာ ပြန်​လည်​ကိုင်​တွယ်​ခွင့်​​ပေးမယ်​လို့ ပြင်​သစ်​လီဂူး စည်းကမ်းထိန်းသိမ်း​ရေး ​ကော်​မတီက ထုတ်​ပြန်​ထားခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up