ရေးမြို့တွင် နေအိမ် ၃ လုံး မီးလောင်

မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက် သံလွင်လမ်းရှိ  ဦးမောင်ဦးရဲ့နေအိမ်မှာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်က  မီးဖိုမီးကြွင်းမီးကျန်ကနေတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က “လူနေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ရေယာဉ် ပုဂ္ဂလိကရေသယ်ယာဉ် နယ်မြေ တပ်ရင်းမှ ရေသယ်ယာဉ် ၉ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒေသခံ ပြည်သူတွေပါ ဝိုင်းဝန်းငြိမ်းသတ်ကာ မီးကို ၂ နာရီ ၂၀ မိနစ်မှာ လုံးဝငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။”လို့ပြောပါတယ်။ နေအိမ် ၃ လုံးမီးလောင်ရာမှာ တန်ဖိုး ကျပ်သိန်းပေါင်း ၁၄ သိန်းနီးပါး ဆုံးရှုံးပြီး အိမ်ရှင် ဦးမောင်ဦးကို ရေးမြို့မရဲစခန်းက မီးလောင်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးထားပါတယ်။ နေမျိုးထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up