A d v e r t i s e m e n t With Us

ကနေဒါ သစ်ပင်စိုက်ခင်းနှစ်ခုတွင် အသတ်ခံရသည့် လူခန္ဓာကိုယ် အပိုင်းအစများ တွေ့ရှိ

ဘရူ့စ်မက်အာသာ
ကနေဒါနိုင်ငံက သစ်ပင်စိုက်ခင်းနှစ်ခုမှာ  လူ့ခန္ဓာကိုယ်အပိုင်းအစတွေကို တွေ့ရှိရပြီး၊ နောက်ထပ် အသတ်ခံရသူတွေရဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတွေကိုလည်း ထပ်တွေ့နိုင်တယ်လို့ ကနေဒါထောက်လှမ်းရေးဌာနက ပြောကြားလိုက်ပါတယ်။ အခုတွေ့ရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ လူသတ်သမားလို့ စွပ်စွဲခံထားရတဲ့ ဘရူ့စ်မက်အာသာရဲ့ သစ်ပင်စိုက်ခင်းနှစ်ခုမှာ တွေ့ရှိခဲ့တာပါ။ အသက် ၆၆ နှစ်အရွယ် ဘရူ့စ်မက်အာသာဟာ အမြင့်ဆုံးလူသတ်မှု ပုဒ်မငါးခုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ အခုထပ်မံတွေရှိတဲ့ သက်သေအထောက်အထားတွေအရ သူ့ကို နောက်ထပ်ပြစ်မှုတွေ ထပ်တိုးချမှတ်နိုင်မယ်လို့ မျော်လင့်ကြောင်း ထောက်လှမ်းရေးတပ်ကြပ်ကြီး ဟန်းကစ်ဆင်ဂါ ကပြောကြားပါတယ်။ “ကျနော် ဇန်နဝါရီ ၂၉ ရက်နေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့သလိုပါပဲ၊ မက်အာသာကို လူသတ်မှုငါးမှုနဲ့ တရားစွဲထားပါတယ်။ အသတ်ခံရသူက အဲဒီထက်ပိုနိုင်ပါတယ်။ အသတ်ခံရသူတွေကို သတ်မှတ်ဖော်ထုတ်နေတုန်း ဆိုတော့ လူအရေအတွက်ကိုတော့ ကျနော် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ကို နောက်ထပ်ပြစ်မှုတွေ ထပ်တိုးနိုင်မယ်လို့ ကျနော်မော်ျလင့်ပါတယ်” လို့ ထောက်လှမ်းရေး တပ်ကြပ်ကြီး  ထောက်လှမ်းရေးတပ်ကြပ်ကြီး ဟန်းကစ်ဆင်ဂါက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up