စပါးနှင့်ပွဲတွင် ပေးလိုက်ရသည့် ဂိုး ၂ ဂိုးကို မော်ရင်ဟို ဝေဖန်

2.1K
စပါးနဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးနှစ်ဂိုးက ရယ်စရာကောင်းတဲ့ဂိုးတွေ ဖြစ်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲမှာ ပွဲအစ ၁၁ စက္ကန့်မှာပဲ ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်ခံလူ ဖီးလ်ဂျုံးစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့တာပါ။
ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးဟာ ရယ်စရာကောင်းပြီး ကစားသမားတွေရဲ့ အမှားတွေက ပေးလိုက်ရတာဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
ဒါ့အပြင် ပွဲအစမှာ ဂိုးပေးလိုက်ရတာက စပါးအသင်းအတွက် အာသာချက်ဖြစ်သွားစေပြီး ဒုတိယဂိုးကတော့ ကံမကောင်းခဲ့တာကြောင့် ပေးလိုက်ရတာဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
စပါးနည်းပြ ပိုချက်တီနိုကတော့ ပွဲကို ထိန်းချုပ်ကစားပြီး ဂိုးမပေးရတဲ့ နိုင်ပွဲတပွဲ ယူဆောင်ပေးတဲ့ အသင်းသားတွေဟာ ချီးကျူးမှုနဲ့ ထိုက်တန်တယ်လို့ ဆိုခဲ့ပါတယ်။