မန္တလေးဈေးချိုတွင် ဓာတုဆိုးဆေးကင်း အသိအမှတ်ပြုကတ်ပြားများ ပထမဆုံးအကြိမ်ထုတ်ပေး
DVB
·
February 1, 2018
ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်တဲ့ဆိုင် အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲကို မန္တလေး ဈေးချိုတော် ဈေးဌာနရုံးမှာ ဒီနေ့ ပြုလုပ်ပါတယ်။
ဈေးချိုတော်က ငါးပိပြုပြင်ထားတဲ့ ငရုပ်မှုန့်၊ မျှစ်၊ ပဲပြား၊ ဇလေဘီ၊ လက်ဖက် စတာတွေကို ၂၀၁၇ နိုဝင်ဘာလကတည်းက စတင်စစ်ဆေးရာ သုံးကြိမ်မြောက်စစ်ဆေးပြီးတဲ့နောက် ဈေးဆိုင်ခန်းပေါင်း ၁၂၄ ဆိုင်ကို FDA ခွင့်ပြုချက် ဓာတုဆိုးဆေးကင်း အသိအမှတ်ပြုကတ်ပြား ထုတ်ပေးတာဖြစ်ပါတယ်။
မန္တလေးမြို့က ဈေးအားလုံးကို FDA နဲ့ စည်ပင်သာယာဈေးဌာန စားသုံးသူ ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးအတွက် ဈေးဆိုင်တွေကို ဆိုးဆေးကင်း အသိမှတ်ပြုကတ်ပြားနဲ့ ရောင်းချဖို့ဆောင်ရွက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ မန္တလေးတိုင်းဟာ ဘေးကင်းလုံခြုံတဲ့ တိုင်းဒေသဖြစ်ဖို့ ဝန်ကြီးချုပ်က မျှော်မှန်းထားပြီး လုပ်ဆောင်ဖို့ညွှန်ကြားထားတယ်လို့ စည်ပင်သာယာဈေးဌာန ဌာနမှူးက ပြောပါတယ်။
သတင်းနှင့် ဓာတ်ပုံ-တာရာ