Live
Home
မြန်မာသတင်း
မယ်ဟောင်ဆောင်အနီး ထိုင်းမြန်မာနယ်စပ် ယာယီဂိတ်များ အမြဲတမ်းဖွင့်လှစ်နိုင်ရေး ဆွေးနွေး
DVB
·
February 1, 2018
  ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် လင်းခေးခရိုင် ကြားရှိ အ၀င်အထွက်ဂိတ်တွေကို အမြဲတမ်းနယ်စပ်ဂိတ်အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ သံအမတ်ကြီး နိုင်းကျကွန်း ဘွန်းလုံဟာ ယမန်နေ့ မယ်ဟောင်ဆောင်မြို့ကို ရောက်ရှိလာပြီး မယ်ဟောင်ဆောင်ခရိုင်ဝန်နဲ့တကွ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့  ထိုင်းစစ်တပ် အမှတ် ၁၇၄၃ ခြေလျင်တပ်ဌာနချုပ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂိတ်တွေမှာ မယ်ဟောင်ဆောင်မြို့နယ် ဟွေ့ဖာအုပ်စုရှိ  ဘီပီ ၈ ဂိတ် နဲ့ ခွန်ယုံးမြို့နယ် ဘန့်တုန့်နွန့်ကျေးရွာအုပ်စုရှိ ဂိတ်တွေဖြစ်ပါတယ်။ ဘီပီ ၈ ဂိတ်မှာမယ်ဟောင်ဆောင်မြို့နဲ့ ကီလိုမီတာ ၅၀ အကွာအဝေးမှာရှိပြီး ရှမ်းပြည်နယ် လင်းခေးခရိုင် ဟိုမိုင်းမြို့နယ်ခွဲမှာ တည်ရှိကာ ကတ္တရာလမ်းခင်းလမ်းလည်းရှိသလို လက်ရှိ  နှစ် နိုင်ငံပြည်သူတွေ ကူးသန်းရောင်းဝယ်နေတဲ့အပြင် ထိုင်းဘက်ကမ်းက ကုန်ပစ္စည်းတွေ တရုတ်ပြည် တောင်ပိုင်းထိ ပို့ဆောင်သယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မယ်ဟောင်ဆောင်ခရိုင် ခွန်ယုံးမြို့နယ် ဘန့်တုန့်နွန့်ကျေးရွာအုပ်စုဘက်က မြန်မာပြည်ဘက်ကို နားလည်မှုနဲ့ ဖွင့်လှစ်သွားလာနေတဲ့ လမ်းကြောင်းတစ်ခုကိုလည်း တရားဝင်ဖွင့် လှစ်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024