Home
မြန်မာသတင်း
အဆင့်မြင့်ဘတ်စ်ကားမှတ်တိုင်တိုးချဲ့ရန် စည်းကမ်းထိန်းသိမ်းရေးလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
DVB
·
February 1, 2018
  အဆင့်မြင့် ဘတ်​စ်​ကားမှတ်​တိုင်​​တွေတိုးချဲ့ဖို့နဲ့ လမ်း​ကြောကျပ်​မှု ရှင်းလင်းစေဖို့အတွက်​ Pilot Project ရှေ့ပြေးစီမံကိန်းအ​နေနဲ့ စည်းကမ်းထိန်းသိမ်း​ရေးလှုပ်​ရှားမှုကို ရန်​ကုန်​မြို့ ပဲခူးကလပ်​မှတ်​တိုင်​မှာ ဒီ​နေ့ စတင်ပြုလုပ်​​နေပါတယ်​။ ဒီမှတ်​တိုင်​မှာ ရပ်​တဲ့ဘတ်​စ်​ကားလမ်း​ကြောင်း​တွေရဲ့ ခန့်​မှန်း​ခြေအချိန်​ ဆိုင်းဘုတ်​​တွေ၊ စည်းကမ်းပိုင်းဆိုင်ရာဆို​င်းဘုတ်​​တွေ စိုက်​ထားပြီး လက်​ကမ်းစာစောင်တွေကို ကား​တွေနဲ့ ခရီးသွား​တွေကို ​ဝေငှနေပေးနေပါတယ်​။ ဘတ်​စ်​ကား​တွေကို မှတ်​တိုင်​​ရှေ့ မျဉ်းဝါကွက်​​ပေါ် စနစ်​တကျရပ်​စေဖို့၊ လူ​တွေ လူကူး မျဉ်းကြားကကူး​စေပြီး ကား​တွေကဦးစား​ပေးဖို့၊ ယာဉ်​ငယ်​​တွေ စည်းကမ်းမဲ့ မ​ကွေ့​အောင်​ လမ်းလယ်​တိုင်​​တွေ ကာရံထားပြီး လမ်း​ကြောပိတ်​ဆို့မှု မဖြစ်​​အောင်​ စည်းကမ်းထိန်းသိမ်း​ရေး လုပ်​​ဆောင်​တာပါ။ ဒီအစီအစဉ်ကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ JICA ကပံ့ပိုးပြီး YRTA ၀န်​ထမ်း​တွေကိုယ်တိုင် ကွင်းဆင်းပြုလုပ်​​နေတဲ့ ဒီ​ရှေ့​ပြေးစီမံကိန်းကို ဖေဖော်ဝါရီ ၆ ရက်​အထိ ပြုလုပ်​သွားမှာပါ။ ပဲခူးကလပ်​ မှတ်​တိုင်​​နေရာနားတ၀ိုက်​မှာ ​တော်​၀င်​စင်​တာနဲ့ စိန်​​ဂေဟာလို​ရှော့ပင်း စင်​တာကြီးတွေရှိနေတာ၊ စာသင်​​ကျောင်းရှိ​နေတာ၊ မြို့တွင်းမြို့ပြင်သွား YBS ကား​တွေ ပြည်​လမ်း​ပေါ်ဖြတ်​တဲ့လမ်း​ကြောင်းအချက်​အချာကျပြီး  ကားရှုပ်​ကားကျပ်​တဲ့ နေရာဖြစ်လို့  ​ရှေ့​ပြေးစီမံကိန်းအ​နေနဲ့ စတင်ဖို့ ဒီနေရာကိုရွေးချယ်လုပ်ဆောင်တာလို့ YRTA ၀န်​ထမ်းက​ ပြောပါတယ်​။ ဒီလို အဆင့်မြှင့် ကားမှတ်​တိုင်​​တွေကို ရန်​ကုန်​တခြားမြို့နယ်​​တွေမှာလည်း တိုးချဲ့သွားမယ်​ လို့ သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024