A d v e r t i s e m e n t With Us

သမ္မတ ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်

ဓာတ်ပုံ - Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကွန်ဂရက်မှာ ဇန်နဝါရီ ၃၀ ရက်နေ့က ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် လွှတ်တော်အမတ်တွေက အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ မေရီလန်းပြည်နယ်ကိုယ်စားပြု ဒီမိုကရက်တစ် ဆီနိတ်တာ ဘန်ကာဒင်က “သူပြောသွားတာတွေက နှစ်ပါတီညီညွတ်ဖို့ တိုက်တွန်းသွားတယ်လို့ ကျေနာ် မထင်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့အဆိုပြုချက်ကို ရှင်းလင်းတာ ကျေနာ် နားထောင်ကြည့်မိရသလောက်တော့ ကျေန်ာတို့အကြား ပိုနီးကပ်သွားဖို့ထက် ပိုပြီး ဝေးကွားသွားတာကိုပဲ ဖြစ်စေမှာပါ။ ပြီးတော့ ကျေန်ာတို့က သူ့လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ရမှာပါ။ အပြောကို ကြည့်လို့မရဘူး။ သမ္မတ အကြိမ်ကြိမ်ပြောသွားတာ တခုကတော့ နောက်နေ့မနက်မှာ တခုခုလုပ်ဖို့ ဆိုတာပါပဲ။ ကျနော်တို့ ကွန်ဂရက်မှာ နှစ်ပါတီ အုပ်စုကွဲရှိတာဖြစ်ပြီး ရေးရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလိုကြပါတယ်။ ဘတ်ဂျတ်ကိစ္စ ပြီးအောင်လုပ်ရမယ်။ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ငွေကြေးထောက်ပံ့ပေးရမယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ ပြီးအောင်လုပ်ရမယ်။ ဒီကိစ္စတွေ ပြီးစီးအောင်မြင်ဖို့ရာမှာ နှစ်ပါတီကွဲနေတဲ့စိတ် ရှိနေတယ်လို့ ထင်ပါတယ်။ ကျေန်ာကတော့ ဒီကိစ္စတွေ လက်တွေ့ဖြစ်လာဖို့ သမ္မတအနေနဲ့ ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ အရီဇိုးနားပြည်နယ်ကိုယ်စားပြု ဆီနိတ်တာ ဂျက်ဖ်ဖလိတ်ခ်ကလည်း “ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေက နည်းနည်းတော့ လက်တွေ့နဲ့ မကိုက်ညီပါဘူး။ မျှမျှတတ ကုန်သွယ်ရေးလို ကိစ္စတွေနဲ့ ပတ်သက်ရင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေရအောင် ကျနော်တို့က တိုက်တိုက်တွန်းတွန်း ကြိုးစားရမှာလေ။ အဲဒီလိုမလုပ်ရင်တော့ ကျေန်ာတို့ ကျန်ခဲ့မှာပဲ။ မြောက်အမေရိကန် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် နက်ဖ်တာလိုဟာမျိုးက ထွက်မယ်ဆိုရင်တော့ ကျနော်တို့ နောက်ကျကျန်ခဲ့ပါလိမ့်မယ်” လို့ ပြောကြားသွားတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကွန်ဂရက်လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ သူ့ရဲ့ အဆိုပြုချက်ဟာ မျှမျှတတရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကိုလည်း ကောက်ကျစ်စဉ်းလဲသူလို့ သုံးနှုန်းခေါ်ဝေါ်သွားခဲ့ပါတယ်။ ဒါ့အပြင် ကျူးဘားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဂွမ်တာနာမို အကြမ်းဖက်ထိန်းသိမ်းရေးစခန်းကို ဆက်လက်ဖွင့်လှစ်ဖို့ကိုလည်း ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up