A d v e r t i s e m e n t With Us

မာရက်ဇ်ကို ခေါ်ယူလိုပါက ပေါင်သန်း ၁၀၀ ခန့်ပေးရမည်ဟု လက်စတာ သတိပေး

ဓာတ်ပုံ - ရိုက်တာ
တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ လောက် ပေးရမယ်လို့ လက်စတာအသင်းက မန်စီးတီးအသင်းကို သတိပေးလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ တောင်ပံကစားသမား လီရွိုင်းဆာနေး ဒဏ်ရာရသွားတာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် မာရက်ဇ်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့တာပါ။ မန်စီးတီးရဲ့ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို လက်စတာအသင်းက ပယ်ချခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာလည်း မာရက်ဇ်ကို ချန်လှပ်ထားတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းမှာ တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်စ်လည်း တလလောက် ဆက်ပြီး အနားယူရမှာဖြစ်လို့ ကစားသမားကောင်းတွေကို ဝယ်လိုပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်နေရတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုပါတယ်။ အသက် ၂၆ နှစ်ရှိ အယ်လ်ဂျီးရီးယား ကစားသမား မာရက်ဇ်ဟာ လက်စတာအသင်းမှာ ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up