A d v e r t i s e m e n t With Us

အမေရိကန်တွင် ရဟတ်ယာဉ်တစီး နေအိမ်ပေါ်ပျက်ကျ၊ လူ ၃ ဦး သေဆုံး

ဓာတ်ပုံ - အန်ဘီစီ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နယူးပေါ့ဘိခ်ျမြို့က နေအိမ်တလုံးပေါ်ကို ဇန်နဝါရီ ၃၀ ရက်နေ့က ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။ ဂျွန်ဝင်းလေဆိပ်နဲ့ တမိုင်အကွာလောက်မှာ ပျက်ကျခဲ့တဲ့ Robinson 44 အမျိုးအစား ရဟတ်ယာဉ်ပေါ်မှာ လူလေးဦး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ နေ့လယ်ပိုင်းအချိန် ဖြစ်ပွားခဲ့တဲ့ အခုအဖြစ်အပျက်မှာ သေဆုံးသူသုံးဦးထဲ ရဟတ်ယာဉ်ပျက်ကျတဲ့ အနီးအနားမှာရှိသူတဦး ပါဝင်ခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ နယူးပေါ့မြို့ရဲက ပြောပါတယ်။ ပျက်ကျမှုဖြစ်စဉ်မှာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ လေးဦးနဲ့ အနီးအနားမှာရှိနေသူတဦး စုစုပေါင်း ငါးဦး အတူတကွ ရှိနေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up