Home
မြန်မာသတင်း
ဝနှင့် မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်များ တရုတ်နှစ်ကူး မတိုင်မီတွေ့ဆုံ
DVB
·
January 31, 2018
  ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်တွေနဲ့  မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ မိုင်းလားမြို့မှာ တရုတ်နှစ်သစ်ကူးအကြို တွေ့ဆုံခဲ့ကြတယ်လို့ မိုင်းလားအဖွဲ့ ပြောခွင့်ရသူ ဦးကြည်မြင့်က ပြောပါတယ်။ ဇန်န၀ါရီ ၂၈ ရက်မှာ UWSA ခေါင်းဆောင်တွေ မိုင်းလားမြို့ကို လာလည်သွားကြတာ လို့လည်း သူက ပြောပါတယ်။ “သူတို့ တရုတ်နှစ်သစ်ကူးမတိုင်မီ နှစ်သစ်ကူးမှာ အချင်းချင်း မေးမြန်းနှုတ်ဆက်တာပါ။ ခင်မင်ရင်းနှီးအောင် သူတို့လာတယ်။ ကျနော်တို့လည်း သွားမှာပါ။ အပြန်အလှန်ပေါ့။ တခြား သီးသန့်တော့ မရှိဘူး။” UWSA ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်နဲ့ ဒု-ဥက္ကဋ္ဌပေါက်ယူလျန် ဦးဆောင်တဲ့ "ဝ"ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နှစ်သစ်ကူးမတိုင်မှီ NDAA နဲ့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မိုင်းလားမြို့သို့ရောက်ရှိကာ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့ မိုင်းလား ကိုယ်စားလှယ်အဖွဲ့နဲ့ လက်ခံတွေ့ဆုံကြိုဆိုခဲ့ကြလို့  ၀တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေး ဒုတာဝန်ခံ ဦညီရမ်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။ ညီနောင်တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရင်းတနှီးဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသားဖော်ပြပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့  မိုင်းလားတပ်ဖွဲတို့ဟာ လတ်တလောမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့အပါအ၀င် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ကို ဦးဆောင်နေပြီး အန်စီအေ အပစ်ရပ်စာချုပ်ပြင်ပလမ်းကြောင်း လျှောက်လှမ်းနေကြ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024