မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားတွင် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်း (ဓာတ်ပုံ)
DVB
·
January 31, 2018
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရဲ့ ပထမအကြိမ် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲ၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနဲ့ လက်ဝှေ့ပြိုင်ပွဲတွေကို မနေ့ညက ဘုရားဝင်းအတွင်း ကျင်းပပါတယ်။
မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားဟာ ရတနာပုံမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တဲ့ ဘုရားကြီးဖြစ်ပြီး ပွဲတော်မှာ အမရပူရမြို့နယ် ရေကြည်ပေါက်ကျေးရွာမှ ရိုးရာလက်ယက္ကန်းအဖွဲ့တွေက ရွှေသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ-အောင်အောင်