A d v e r t i s e m e n t With Us

ဟတ်ဒါဖီးလ်ဒ်ကို လီဗာပူး ၃ ဂိုးပြတ် အနိုင်ယူ (ရုပ်သံ)

ဟတ်ဒါဖီးလ်ဒ်နဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မတိုင်ခင်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနဲ့ အက်ဖ်အေဖလားပွဲစဉ် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့မှုကြောင့် ဖိအားဝင်ခဲ့တဲ့အတွက် အခုပွဲမှာ ခြေစွမ်းပြပြီး နိုင်ပွဲပြန်ရခဲ့တာပါ။ လီဗာပူးဟာ နံပါတ်တစ်ဂိုးသမား မစ်ဂ်နိုလက်ကို ဆက်အနားပေးခဲ့ပြီး ကားရီးယပ်စ်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ဗန်ဒိုက်ကိုလည်း အနားပေးခဲ့ပြီး ကျန် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဟတ်ဒါဖီးလ်ဒ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် လီဗာပူးရဲ့ ဖိအားပေးတာကို ခံခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်မှာလည်း လီဗာပူးကပဲ အပြတ် အသာစီးရခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၆ မိနစ်မှာ အမ်မရီကန်၊ ပထမပိုင်းပြီးခါနီးမှာ ဖာမီနိုနဲ့ ပွဲချိန် ၇၈ မိနစ်မှာ ပယ်နယ်တီမှတဆင့် ဆာလက်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြပြီး အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့တဲ့ လီဗာပူးကွင်းလယ်လူ အမ်မရီကန်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် လီဗာပူးအသင်းဟာ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ဟတ်ဒါဖီးလ်ဒ်ကတော့ ၂၄ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up