A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံး (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် ဆွမ်ဆီးနဲ့ အာဆင်နယ်တို့ မနေ့က ယှဉ်ပြိုင်ရာ ဆွမ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဂိုးသမားအဖြစ် ပီတာဆက်ခ်ျ၊ နောက်တန်းမှာ ဘယ်လာရင်၊ ကိုဆီယယ်နီ၊ မူစတာဖီ၊ မွန်ရီယယ်၊ အလယ်တန်းမှာ ရမ်ဆေး၊ အယ်နန်နီ၊ ရှာခါ၊ ရှေ့တန်းမှာ အိုဇေးလ်၊ လာကာဇက်တီ၊ အိုင်ဝိုဘီတို့နဲ့ ပွဲထွက်ခဲ့ပြီး မန်ယူကနေ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ မစ်ခီတာယန်းကိုတော့ ဒုတိယပိုင်းမှာ လူစားလဲ အသုံးပြုခဲ့ပါတယ်။ နည်းပြသစ် ကာဗာဟဲလ်လက်ထက် ပုံစံကောင်းရနေတဲ့ အိမ်ရှင် ဆွမ်ဆီးကလည်း ဒီနေ့ပွဲမှာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အာဆင်နယ်ကို အပြန်အလှန် ဖိအားပေး ကစားနိုင်ခဲ့တာပါ။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ အာဆင်နယ်က သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်မှာ အိုဇေးလ်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မွန်ရီယယ်က ပြေးဝင်ပိတ်သွင်းပြီး ရခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက် ဆွမ်ဆီးက ချက်ချင်း တိုက်စစ်ဆင်ကစားပြီး ကွင်းလယ်လူ ကလူကပ်စ်က အနီးကပ်ပိတ်သွင်းကာ ဆွမ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဆွမ်ဆီးက အနည်းငယ် အသာစီးရခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်းမှာ အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၆၁ မိနစ်နဲ့ ၈၆ မိနစ်မှာ ဆွမ်ဆီးက အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းက ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၆ မှာ ဆက်လက်ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ရမှတ် ၂၃ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up