A d v e r t i s e m e n t With Us

မြန်မာ့ဘိလိယက်လက်ရွေးစင်များကို လက်ရှိကမ္ဘာ့ချန်ပီယံ လေ့ကျင့်ပြင်ဆင်ပေးနေ

ဓာတ်ပုံ - ထက်လူ
မြန်မာနိုင်​ငံမှာ လက်​ခံကျင်းပမယ့် အာရှချန်​ပီယံရှစ် ဘိလိယက်​ပြိုင်​ပွဲအတွက်​ စခန်းသွင်း​ လေ့ကျင့်​​နေတဲ့ မြန်​မာ့လက်​​ရွေးစင်​ ကစားသမား​တွေကို အင်္ဂလန်​နိုင်​ငံသား လက်​ရှိ ကမ္ဘာ့ချန်​ပီယံ မိုက်​ခ်​ရူဆဲလ်​က ​​လေ့ကျင့်ပြင်​​ဆင်​​ပေး​နေပါတယ်​။ Rose Garden Hotel မှာ မတ်​လ ၁၈ ရက်​​က​နေ ၂၄ ရက်​​နေ့အထိ ကျင်းပမယ့် အာရှ ဘိလိယက်​ချန်​ပီယံရှစ်​ ပြိုင်​ပွဲအတွက်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မယ့် ဘိလိယက်​ကစားသမား ၁၀ ဦး​လောက်​ကို ​နည်းစနစ်​ပိုင်းဆိုင်​ရာနဲ့ ပတ်​သက်လို့ တဦးချင်း သင်​ကြားပြသ​ပေး​နေတယ်​လို့ သိရပါတယ်​။ မိုက်​ခ်​ရူဆဲလ်​ဟာ ကမ္ဘာ့ဘိလိယက်​ချန်​ပီယံဆုကို ၁၂ ကြိမ်​ထိ ရရှိထားသူဖြစ်​ပြီး​ အမှတ်​ ၁၀၀၀ ကို တဆက်တည်းထိုးနိုင်​တဲ့ ၄ ဦး​မြောက် ကစားသမားလည်း ဖြစ်​ပါတယ်​။ လက်ရှိအချိန်​မှာ မြန်​မာဘိလိယက်​အားကစားအဖွဲ့ဟာ ​အောင်​မြင်​မှု​တွေ ဆွတ်​ခူး​ပေးနိုင်​တဲ့ မြန်​မာနိုင်​ငံရဲ့ အားကစားအဖွဲ့တဖွဲ့ဖြစ်​ပြီး​ ပြီးခဲ့တဲ့ မ​လေးရှားဆီးဂိမ်းမှာ ​ငွေ ၃ ဆု၊ ​ကြေးတံဆိပ်​ ၁ ဆု ဆွတ်​ခူးနိုင်​ခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up