Homeသတင်းဓာတ်ပုံ
ပွင့်ဖြူမြို့နယ်က သက်တော်ရှည်ဆရာတော်ကြီး မွေးနေ့ စုပေါင်းထမနဲထိုး ကုသိုလ်အလှူပွဲ (ဓာတ်ပုံ)
ပွင့်ဖြူမြို့နယ်က သက်တော်ရှည်ဆရာတော်ကြီး မွေးနေ့ စုပေါင်းထမနဲထိုး ကုသိုလ်အလှူပွဲ (ဓာတ်ပုံ)
ဇော်ဖေ
·
January 30, 2018
ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာ တံတိုင်းရှည်တောရကျောင်းတိုက်ဆရာတော် ဦးပညာသာမိရဲ့ ၈၂ နှစ်ပြည့် မွေးနေ့ပွဲမှာ ကျေးရွာရှိ ဒါယကာ၊ ဒါယိကာမတွေက စုပေါင်းပြီး ထမနဲထိုး ကုသိုလ်မွေးနေ့ပွဲ ပြုလုပ်ပါတယ်။
နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်နေ့မှာ ထမနဲထိုးကြပြီး တပို့တွဲလပြည့်နေ့မှာ ရပ်နီးရပ်ဝေးက ဧည့်သည်တွေကို ဖိတ်ကြားကာ ကျွေးမွေးကုသိုလ်ယူကြတာ အခုဆိုရင် ၂၈ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။