မီယာမီအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်ြး်ဖစ်ရန် ကြိုးပမ်းမည်ဟု ဘက်ခမ်း ပြော

မီယာမီအသင်းကို ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်လာရေး ကြိုးပမ်းမယ်လို့ အသင်းပိုင်ရှင်ဖြစ်လာတဲ့ ဒေးဗစ်ဘက်ခမ်းက ပြောလိုက်ပါတယ်။ အမေရိကန် ဒုတိယတန်းကလပ်ဖြစ်တဲ့ မီယာမီအသင်းရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ အသင်းပိုင်ရှင်သစ် ဘက်ခမ်းက ပြောဆိုခဲ့တာပါ။ အသက် ၄၂ နှစ်ရှိ အင်္ဂလန်နဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ ကစားသမားဘဝက အနားမယူခင် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းမှာ သွားရောက်ကစားခဲ့ပြီး အမေရိကန်လိဂ်မှာ ရေရှည်လုပ်ဆောင်ဖို့ ရည်မှန်းချက်ရှိတာကြောင့် ပြောင်းရွှေ့ကစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါအခြေစိုက် မီယာမီအသင်းကို ဒေးဗစ်ဘက်ခမ်းနဲ့အတူ အင်္ဂလန်လူမျိုး ဆိုင်မွန်ဖူလာ၊ ဘိုလီးဗီးယားနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မာဆယ်လို၊ ဖလော်ရီဒါပြည်နယ် စီးပွားရေးလုပ်ငန်းရှင် ဂျော့နဲ့ ဂျိုဆေးမက်စ်၊ ဂျပန်လူမျိုး မာဆာတို့ကလည်း ရှယ်ယာပါဝင်ထားတာပါ။ ဘက်ခမ်းအနေနဲ့ ပရိသတ် ၂ သောင်းခွဲဆန့် ကွင်းသစ်လည်း တည်ဆောက်မှာဖြစ်ပြီး  နာမည်ကြီး ကစားသမားတချို့ ခေါ်ယူမှာဖြစ်သလို အရည်အသွေးမြင့် ကစားသမားတွေ ထွက်ပေါ်နိုင်မယ့် အကယ်ဒမီ တည်ဆောက်ဖို့လည်း ရည်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up