သယ်ယူပို့ဆောင်ရေး ကေဘယ်စနစ် ချို့ယွင်း၍ နှင်းလျှောစီးသမား ၁၅၀ ကျော်ကို ကယ်ဆယ်

ဓာတ်ပုံ - ရိုက်တာ
သြစတြီးယားနိုင်ငံ ကိုင်းရှ်ဘက်တောင်ပေါ်က နှင်းလျှောစီးသမားတွေ လိုက်ပါလာတဲ့ သယ်ယူပို့ဆောင်ရေး ကေဘယ်စနစ်မှာ စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့လို့ နှင်းလျှောစီးသမား ၁၅၀ ကျော်ကို ဇန်နဝါရီ ၂၉ ရက်က ကယ်ဆယ်ခဲ့ရပါတယ်။ လူမှုကွန်ရက်မီဒီယာပေါ် သြစတြီးယားစစ်တပ်က တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေကို ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ နှင်းလျှောစကိတ်စီးသမားတွေကို ကေဘယ်စနစ် မိုးပျံထိုင်ခုံတွေပေါ်ကနေ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်နေတာ တွေ့ရပါတယ်။ ခုလို မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပြီး နည်းပညာပိုင်း ချို့ယွင်းချက်ကြောင့် သယ်ယူပို့ဆောင်ရေး ကေဘယ်စနစ် ရပ်တန့်ခဲ့တာလို့လည်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

//
More News
Up