လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ ဝက်စ်ဘရွန်းသို့ အငှားဖြင့်ပြောင်းရွှေ့

1.2K
ဝက်စ်ဘရွန်းအသင်းဟာ မိမိနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အသင်းဖြစ်လို့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ လီဗာပူးကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ စတာရစ်ခ်ျက ဆိုပါတယ်။
စတာရစ်ခ်ျဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရ ဖြစ်ခဲ့တာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ကလည်း ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဘရွန်းအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဝက်စ်ဘရွန်းအသင်းမှာ မိတ်ဆွေတွေလည်းရှိသလို အသင်းရဲ့ကစားဟန်က စိန်ခေါ်မှုရှိပေမယ့် မိမိရဲ့ကစားပုံနဲ့ အံဝင်နိုင်တယ်လို့ စတာရစ်ခ်ျက ဆိုပါတယ်။
စတာရစ်ခ်ျဟာ ထူးချွန်တဲ့ ကစားသမားဖြစ်လို့ ပရီးမီးယားလိဂ်မှာ တန်းတင်ဖို့ ကြိုးပမ်းမယ့် မိမိတို့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးမယ့်သူလို့ နည်းပြ အလန်ပါဂျူးက ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ခ်ျကို ဝက်စ်ဘရွန်းအသင်းက တပတ် ပေါင် ၁ သိန်း ၂ သောင်းပေးမှာဖြစ်ပြီး လီဗာပူးအသင်းကို ငှားရမ်းခအဖြစ် ပေါင် ၂ သန်း ပေးခဲ့ရတယ်လို့ သိရပါတယ်။